တောင်ကြီး သြဂုတ် ၁၅
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့တွင် သြဂုတ်(၁၃)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲက ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရွာငံမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့်တွေ့ဆုံကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ mask(၁၀၀၀) ခုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးတို့က ပေးအပ်ရာ ရွာငံမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးအဖွဲ့ကော်မတီမှလက် ခံရယူပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌနှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့ ပြည်သူ ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ကျဝန်ထမ်းများအား ထောက်ပံ့ ငွေကျပ်(၅)သိန်း၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်တို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ်တို့ကပေးအပ်ရာ တာဝန်ကျဝန်ထမ်းများမှ လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့ အနန္တဇိန သမ္ဗုဒ္ဓ စေတီတော်တည်ဆောက်နေမှု အားသွားရောက်ကြည့်ရှုရာ ကျောင်းထိုင်ဆရာတော် ဦးပညာစောဓ အားဖူးမျှော်ကန်တော့၍ အလှူငွေကျပ်သိန်း (၂၀)နှင့် ဘိလပ်မြေအိတ်(၂၀၀) လှူဒါန်းပေးပြီး စေတီတော်တည်ဆောက် နေမှုအားလှည့်လည်ကြည့်ရှုကာ ဆီမီး၊ ရေချမ်း၊ ပန်းဆက်ကပ်ပူဇော်ပေးပြီး ရွာငံမြို့နယ်သို့အဝင် ဆင်နက်ချောင်းဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ တာဝန်ကျဝန်ထမ်းများအား ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ထောက်ပံ့ ငွေကျပ်(၁၀)သိန်းတို့ကိုပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် သြဂုတ်လ(၁၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့အမျိုးသမီးနှင့်ကလေးဆေးရုံဝင်းရှိ ကလေးကုသဆောင်တွင် ကိုဗစ်-၁၉ရောဂါကုသရေးစင်တာ ထားရှိမည့်နေရာနှင့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင် (၄၀)လီတာအိုးတို့ကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းနှင့် အဆိုပါ ဆေးကုသဆောင်တွင် လူနာများကိုအပေါ်ထပ်တွင်(၃၇)ဦး၊ အောက်ထပ်တွင်(၂၃)ဦး စုစုပေါင်း(၆၀)ဦး ထားရှိကုသနိုင်ပြီး အောက်ထပ်တွင် အောက်ဆီဂျင်ပိုက်လိုင်းမှ အောက်ဆီဂျင်တိုင်(၄)ခု အပေါ်ထပ်တွင်(၉)ခုရှိပြီး အောက်ဆီဂျင်စက်ရုံမှ (၄၀)လီတာအိုး တစ်ရက်ကို(၅၀)အိုး ထုတ်လုပ်နိုင်ကြောင်းသိရသည်။
၎င်းနောက်တောင်ကြီးမြို့ မိုးလုံလေလုံအားကစားရုံ၌ တောင်ကြီးမြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့် အထက် အဘိုး၊ အဘွားများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကိုကြည့်ရှု အားပေးကြကြောင်းသိရသည်။
မောင်မောင်သန်း (တောင်ကြီး)