တောင်ကြီး ဩဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ က ရှမ်းပြည်နယ်အားကစားရုံ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram)များ ထိုးနှံရာတွင် တောင်ကြီးမြို့နယ် အတွင်းရှိ အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၅၁၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော အသက်(၆၅)နှစ်အထက် အဘိုးအဘွားများကိုလည်း သြဂုတ်လ (၁၅) ရက်နေ့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)