ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၁၁)ဦး ထပ်မံတွေ့ရှိ၊ (၁၈)ဦး  ပြန်လည် ကျန်းမာလာ

ဟားခါး   ဩဂုတ်   ၁၅

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၁၁)ဦး ထပ်မံတွေ့ရှိပြီး (၁၈)ဦး  ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ပြည်သူ (၅၄) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးခဲ့ရာ (၁၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။

ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ဟားခါးမြို့နယ်အတွင်း ရောဂါပိုးလူနာ (၅၁၃)ဦး၊ သေဆုံးသူ (၁၈)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၃၈၈)ဦး၊ ဆေးကုသမှုခံယူဆဲ (၁၀၇)ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)