သာစည် ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအတွက် မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ယနေ့နံနက် ၉ နာရီက ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ အရေးပေါ်ကုသဆေးနှင့် သာမန်ကုသဆေးများ၊ အိမ်သုံးဆေးဝါးများနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဆိုင် ဖွင့်လှစ်ရောင်းချသူများ လုပ်ငန်းလိုင်စင် ရှိ/မရှိနှင့် တရားမဝင်ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရောင်းချခြင်း မရှိစေရေးတို့ကို မြို့ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေး ဆောင်ရွက်ခြင်းကို ကွင်းဆင်းအဖွဲ့က နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကွင်းဆင်စစ်ဆေးအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)