ညောင်ဦး ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ယနေ့အထိ လူဦးရေ ၂၈၆၃ ဦးထိုးနှံပြီးပေးနိုင်ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုဖွဲ့ထံမှ သိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသက် ၆၅နှစ်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ၊ ရဟန်းတော်များ၊ သီလရှင်များ၊ အကျဉ်းသား/သူများ အားသတ်မှတ်စုရပ် ၁၆ နေရာတွင် တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ညောင်ဦးခရိုင် ကျောက်ပန်း တောင်းမြို့နယ်တွင် သတ်မှတ်နေရာ ငါးနေရာထိုးနှံပေးလျှက်ရှိရာ ဘူတာရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်ကြီးနှင့် လွတ်လပ်ရေး/မြို့မရပ်ရှိ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထိုးနှံပေးခြင်း၊ ညောင်ဦးမြို့နယ်တွင် အနော်ရထာခန်းမတွင် သတ်မှတ်နေရာ ခုနှစ်နေရာ၊ တောင်ဇင်းတိုက်နယ်၊ စဉ့်ကူတိုက်နယ်၊ ငါ့သရောက်တိုက်နယ်၊ ပုဂံနယ်မြေတို့တွင် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂၈၆၃၅ ဦး ထိုးပေးပြီးဖြစ်ကာ ကျန်ရှိနေသေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်းသိရပြီး ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌတို့မှ ဆေးထိုးနှံမှုစနစ်တကျရှိစေရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုအကျိုးပြုပရဟိတအဖွဲ့များက ကူညီဆောင်ရွက်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။
ကိုထိန် (KPD)