သင်္ဃန်းကျွန်းတွင် မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်း‌ဝေးစေရေး သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

သင်္ဃန်းကျွန်း ဩဂုတ် ၁၃

မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ ဓာတ်အားလိုင်း ပြတ်တောက်ခြင်းများ မဖြစ်စေရေး၊‌ လေပြင်းတိုက်ခတ် ခြင်း‌ကြောင့် သစ်ပင်ပြိုလဲအန္တရာယ်များ မဖြစ်စေရေးတို့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြေယာ၊ ရှုခင်းနှင့် အားကစားဌာနမှ ယမန်နေ့က (င/ခ)ရပ်ကွက် လမ်းမပေါ်ရှိ လျှပ်စစ်‌မီးကြိုးနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)