မောက်မယ် သြဂုတ် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းခွဲများအား ကျေး/လက်ဦးစီးဌာန နေပြည်တော် (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်စုဟန် ၊ ပြည်နယ် ကျေး/လက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နော်မူးခိုဖောနှင့် ယူနီဆက်မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေး/လက်ဦးစီးဌာန၊ မြို့နယ် ကျေး/လက်ဦးစီးဌာန နှင့် လူထုဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ဒေသခံပြည်သူလုထု ၊ ကျေး/လက်ဦးစီးဌာန နှင့်ယူနီဆက်တို့မှ ပူးပေါင်းဆောင်ရွက်သည့် ဟိုနမ့်ကျေးရွာအုပ်စု ၊ ခူဝိန်းကျေးရွာ အိမ်တိုင်ယာရောက် ရေသွယ်ယူခြင်းလုပ်ငန်း၊ CFW စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ထီဝါဖော့ကျေးရွာမှ ရွာတွင်းလမ်း ပြုပြင်ခြင်းလုပ်ငန်းနှင့် လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် အောင်သုခကျေးရွာမှ ဘက်စုံသုံးကျေးရွာ ခန်းမဆောင် ဆောက်လုပ်ခြင်းငန်းများအား ကွင်းဆင်း ကြည့်ရူ စစ်ဆေးခဲ့ကြပြီး ကျေးရွာလူထုနှင့် ကော်မတီဝင် များအား တွေ့ဆုံကာ လုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်