အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးမှ မြင်းခြံမြို့ အာယုပါလဆေးခန်းတွင် အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရန်အတွက် အလှူငွေများ လှူဒါန်း

မြင်းခြံ ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အာယုပါလဆေးခန်းတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးမှ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ရှိ ပြည်သူများ အောက်ဆီဂျင် အခက်အခဲမရှိ အသုံးပြုနိုင်ရန်အတွက် အာယုပါလ ပရဟိတဆေးခန်းမှ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် အလှူငွေများ ကောက်ခံလျက်ရှိရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးမှ ဆရာတော် ဦးအာစရအား အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် အလှူငွေပေး အပ်လှူဒါန်းခြင်းသို့ အဘယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် ပြန်/ဆက်