ဘောဂလိ ဩဂုတ် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများဖြစ်သော ၁၆ ကုတင်ဆံ့ စံကိုက် တိုက်နယ်ဆေးရုံနှင့် စည်ပင်လုပ်ငန်းများအား အရည်အသွေးပြည့်မှီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းတွင် ကရင်ပြည်နယ် လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်ဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လမ်းဦးစီး ဌာန၊ စည်ပင်သာယာရေးဦးစီးဌာနရှိတာဝန်ရှိသူများလိုက်ပါ၍ ဘောဂလိမြို့၌ တည်ဆောက်လျှက်ရှိသော ၁၆ ကုတင်ဆံ့ စံကိုက်တိုက်နယ်ဆေးရုံနှင့် စည်ပင်လုပ်ငန်းများအား အရည်အသွေးပြည်မှီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နီလာအေး (ပြန်/ဆက်)