ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်မြေနိမ့်ပိုင်းရပ်ကွက်များတွင် ချောင်းရေများဝင်ရောက်

ဖားကန့်၊ သြဂုတ် ၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ညနေပိုင်းက ဥရုချောင်းရေမြင့်တတ်လာခဲ့သဖြင့် ဖားကန့်မြို့ပေါ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက် များ အတွင်း ချောင်းရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါရေများဝင်‌ရောက်ရာတွင် ဩဂုတ်လ  ၁၃ ရက်မှစ၍ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် ကံဆီးချောင်းရေအမှတ်(၅)ပေအထိ ရောက်ရှိခဲ့ရာ ဖားကန့်မြို့၊ မြို့မ ရပ်ကွက် အနိမ့်ပိုင်းတွင် ရေ(၁)ပေခွဲခန့်၊ ငှက်ပျောတောရပ်ကွက်အနိမ့်ပိုင်းတွင် ရေ(၂)ပေခန့် ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

ထိုဥရုချောင်းရေဆက်လက်မြင့်တက်လာပါက ရေများဝင်ရောက်နိုင်သည့် ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ အချိန်မီ‌ရွှေ့ပြောင်းနိုင်ရေးနှိုးဆော် ကြေငြာအသိပေး ဆောင်ရွက်ခဲ့ပြီး၊ ရေ‌‌ဘေးကယ်ဆယ်ရေးပစ္စည်းများ၊ လူအင်အားစုဖွဲ့ထားရှိမှုအ‌ခြေအနေများနှင့် ယာယီရွှေ့ပြောင်းထားရှိရန်နေရာများ စီစဉ်ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။ 

အဆိုပါ ဥရုချောင်းရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် ဖားကန့်မြို့၊ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းအချိန်က ရေများအားလုံးကျဆင်းသွားပြီဖြစ် ကြောင်း သိရသည်။

ဖားကန့်(ပြန်/ဆက်)