သင်္ဃန်းကျွန်းမြို့နယ်တွင် ကလေးများအား မျက်စိအား‌ဆေးနှင့် သံချအားတိုးဆေး တိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ကျန်းမာ ရေးဝန်ထမ်းများသည် ကိုဗစ်-၁၉ ကာလအတွင်း ယာယီ ရပ်နားထားခဲ့သော ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊‌ ဆေးတိုက်ခြင်းလုပ်ငန်းများကို ဇွန်လ(၁) ရက်နေ့မှ စတင်၍ ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် ဇ/မြောက်ရပ်ကွက်နှင့် သုဝဏ္ဏ (၂၉) ရပ်ကွက်များသို့ ကွင်းဆင်းကာ မျက်စိအားဆေး  နှင့် သန်ချအားတိုး‌ဆေးများကို အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ကွင်းဆင်းတိုက်ကျွေးပေးလျက်ရှိသည်။

ထိုသို့ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရာသို့  မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ် ရေး အဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရဲမင်းထွန်း(ပြန်/ဆက်)