ဘီးလင်း ဩဂုတ် ၁၄
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရန် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တစ်နေ့လျှင် (၄၀) လီတာဝင်အိုး (၂၅) လုံးထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အလှူငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း က အဖွင့်အမှာစကားပြောကြားရာ ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်နေမှုအခြေအနေ၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ဦးဆောင်ဆရာတော်ကြီးများ၏ မတည် လှူဒါန်းပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ယနေ့လှူဒါန်းပေးသော (ရွှေဖူးကုမ္ပဏီလီမိတက်) အား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဘီးလင်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် (ရွှေဖူးကုမ္ပဏီ လီမိတက်) မှလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၂၀၀/- (သိန်းနှစ်ရာ)ကို (ရွှေဖူးကုမ္ပဏီလီမိတက်) ဒါရိုက်တာဦးသန့်ဇင် က ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)