မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရသူရိမြို့၊ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီအနီး ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး မြေကျွံ့ကျ၍ လမ်းကျိုးမှုဖြစ်ပွား

ကရသူရိ သြဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ဟန်ကဒိုင်း ကျေးရွာ၊ အောင်ဇင်ဘာဆီအုန်း ကုမ္ပဏီ အနီး၊ မိုင်တိုင်အမှတ် ၁၀၇၃ ဒသမ ၅ နှင့် ၁၀၇၄ KM ကြားတွင် ယနေ့နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး မြေကျွံ့ကျပြီး လမ်းဘယ်ဘက်အခြမ်း လမ်းပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဖြစ်ပွားရာနေရာသို့ ကရသူရိမြို့ အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် လမ်းဦးစီးဌာနမှ ဦးမြတ်သူ၊ နယ်မြေစခန်းမှူးနှင့် ဟန်ကဒိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းပြတ်တောက်မှုကြောင့် လက်ရှိအချိန်တွင် မော်တော် ကား (၁၀) စီးခန့်ပိတ်ဆိုးလျက်ရှိပြီး  ခရီးသွားမော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုမပြတ်စေရန် သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းပြီး ဝိုင်းဝန်းပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)