ရှမ်းရွာသစ် ဩဂုတ် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်း ပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများကို ဇူလိုင်လ (၂၅) ရက်နေ့မှစတင်ကာ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် လိုအပ်သည့်တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ဩဂုတ်လ (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ထပ်မံတိုးမြှင့်ကပ်ထားပေးပြီး မဲဆန္ဒရှင်များမှ လာရောက်ကြည့်ရှုကြ ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးသည့်အချိန်မှစ၍ ယနေ့အထိ မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ စုစုပေါင်း (၄၀၆၃) ဦး ရှိကြောင်း၊ မိမိအမည်ပါဝင်ခြင်းမရှိပါက တောင်းဆိုလွှာ ပုံစံ (၃) ဖြင့် လာရောက်လျှောက်ထားသူ (၂၆) ဦး၊ မဲစာရင်းပါအမည်နှင့် အခြားအချက် အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄) ဖြင့် လာရောက်လျှောက်ထားသူ (၃၆) ဦး၊ ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်သူ (၁၀၃) ဦးတို့အား ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၉) အုပ်စု၌ မဲရုံပေါင်း (၁၆) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ (၁၂၃၈၂) ဦးရှိပြီး မဲဆန္ဒရှင် စာရင်းများ စနစ်တကျကပ်ထားကြေညာထားမှုနှင့် ပြည့်စုံမှန်ကန်စေရန် မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)