သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများအား စတုတ္ထအကြိမ် နိုင်ငံတော်မှ ထောက်ပံ့ငွေ နှစ်သောင်းကျပ်စီအား အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စု များထံသို့ စတုတ္ထအကြိမ်မြောက် နိုင်ငံတော်မှ ထောက်ပံ့ငွေ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှစ်သောင်းကျပ်တိတိအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က  အိမ်ထောင်စုများထံ လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေခံလက်လုပ်လက်စား အိမ်ထောင်စု ပေါင်း(၁၄၄၂၄)စုရှိ ကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)