ထန်းတပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ထန်းတပင် (ပဲခူး) ဩဂုတ် ၁၃

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်း နှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က  တောင်ငူခရိုင်   ထန်းတပင်မြို့နယ် ခြံကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ  ဆောင်ရွက်ပေးမှုကို   မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ် ဦးစီးမှူး ဦးစောသန်း နှင့်ဝန်ထမ်းများက ခြံကြီးကျေးရွာ အုပ်စု အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးသူများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေ‌ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့် အချက်အလက်များ၌ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် လိုအပ်ချက်များ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

သန်းထွန်း (ပြန်/ဆက်)