ကြည့်မြင်တိုင် ဩဂုတ် ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နိုင်ငံတော်အစိုးရထောက်ပံ့ငွေများ ပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-)နှုန်းဖြင့် မြို့နယ်အတွင်း ရပ်ကွက် (၂၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၄၆၈၉)အတွက် ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ကြေးပေးအပ်ပွဲသို့ မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ထိုထောက်ပံ့ကြေးပေးအပ်ခြင်းသည် တတိယအကြိမ် မြောက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)