ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် (၁) လုံးပေါ်သို့ မြေပြိုကြမှုဖြစ်ပွား

ကော့သောင်း သြဂုတ် ၁၃

ကော့သောင်းမြို့တွင် ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောင်သုခ ရပ်ကွက် ရှိနေအိမ်(၁)လုံးပေါ်သို့ မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လပထမပတ်မှစ၍ အဆက်မပြတ် ရွာသွန်းခဲ့သောမိုးသည် ယမန်နေ့တွင် ပိုမိုသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်တွင်  နေထိုင်သူ ဦးဝင်းနိုင်၏ နေအိမ်   (အလျား ၃၀ပေ၊ အနံ ၁၈ ပေ) နှစ်ထပ်တိုက်ပေါ်သို့  မြေများ ပြိုဆင်း ကျလာပြီး အိမ်ခေါင်မိုးများ၊ အိမ်နံရံများ၊ အိမ်တွင်းပစ္စည်းများ ဆုံးရှုံးပျက်စီးမှု ဖြစ်ပေါ်ခဲ့ရ ခြင်းဖြစ်ပြီး ဆုံရှုံးမှုတန်ဖိုး (၅၀၀၀၀၀) ကျပ်ခန့်ဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့် နေအိမ်ရှိလူများနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ ကော့သောင်းမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့များ သွားရောက်ရှင်းလင်း ကူညီခဲ့ကြောင်းသိရသည်။

ဥမ္မာချို (ခရိုင်ပြန်/ဆက်)