စဉ့်ကိုင် သြဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသည့် ဆရာတော်၊ သံဃာတော်များအား ယနေ့ နံနက် (၉) နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သိမ့်အိသူ (ပြည်သူ့ကျန်းမာ) နှင့် ကျန်းမာရေး၀န်ထမ်းများ ၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ၀န်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့၀င်များ၊ သုခဒါနလူမှုကူညီရေးအသင်း၀င်များပူးပေါင်း၍ စဉ့်ကိုင်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော် ၊သံဃာတော်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ဆရာတော်၊ သံဃာတော် များအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေ ခြင်း၊ ကိုယ်အ ပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask စနစ်တကျ တပ် ဆင်စေခြင်း၊ ဆေးမထိုးရ အုပ်စုမှန်မမှန်စီစစ်ပြီး ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့် ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ခြင်း အရေး ပေါ်တုံ့ပြန်နိုင်ရန် အတွက် မိနစ် (၃၀) ခန့် အကြာစောင့်ကြပ်ကြည့်ရှု ပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များစီစဉ်ဆောင်ရွက်ထားရှိပြီး စဉ့်ကိုင်မြို့နယ် အနေဖြင့် ကာကွယ်ဆေး အလုံးရေ(၈၀၀) ရရှိ၍ လူဦးရေ (၁၆၀၀) ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် (၃၁)ရက်နေ့မှ စတင်ထိုးနှံ ပေးခဲ့ရာ လူဦးရေ (၁၄၃၈) ဦး၊ ဆေးတစ်လုံးလျှင် (၂) ဦး နှုန်း ဖြင့် ဆေးအလုံး ရေ(၇၁၉) လုံး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှသိရသည်။
ဝင်းဝင်းသန်း