ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါကာကွယ် ထိန်းချုပ် ရေးကာလအတွင်း အခြေခံလူတန်းစားများသို့ ကြက်ဥနှင့် အားဆေးများ လိုက်လံထောက်ပံ့

ကော့သောင်း သြဂုတ် ၁၁

ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စအခက်အခဲများ တစ်စိတ်တစ်ဒေသအဆင် ပြေစေရန်ရည် ရွယ်ကာ မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ ဆိုင်ကယ်ကယ်ရီသမားများ၊ ခေါင်းရွက်ဗျတ်ထိုး ဈေးသည် များအား ယနေ့ နံနက်ပိုင်းက ကြက်ဥနှင့် Oraming G အားဆေးများကို မြို့ပေါ်ရပ်ကွက် လမ်းများပေါ်ရွှေ့လျားစနစ်ဖြင့်လိုက်လံ ထောက်ပံ့လှူဒါန်းလျက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

အဆိုပါပရဟိတအဖွဲ့သည် ကော့သောင်းမြို့၏ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းဖုန်းအရောင်းဆိုင်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်း လှူဒါန်း ကူညီမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကြောင့် စားဝတ်နေရေး အခက် အခဲဖြစ်ပေါ်နေမှုအား တစ်စိတ်တစ် ဒေသအထောက်အကူ ဖြစ်စေရန် ရည်ရွယ်ကြောင်း၊ ယနေ့ထောက်ပံ့မှု အဖြစ်ကြက်ဥအလုံး(၃၀၀၀)ကျော်ခန့်နှင့် Oraming G အားဆေးများကို မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ်ကယ်ရီသမားများ၊ ခေါင်းရွက်ဗျတ်ထိုးဈေး သည်များအား လူစုလူဝေးမဖြစ်ပေါ်စေရန်မိုဘိုင်းပုံသဏ္ဍန်ဖြင့် လိုက်လံဝေငှပေးခြင်းဖြစ် ကြောင်းသိ ရသည်။

ထို့အပြင် ပြည်သူများအား ပေါ့လျော့မှုမရှိ ကျန်းမာရေးအသိ သတိဖြင့် နေထိုင်ကြရေး၊ အပြင် ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြခြင်းဖြင့် ရောဂါကာကွယ် ထိန်းချုပ်မှု လုပ်ငန်းများအား ဆက်လက်ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် လိုက်လံနှိုး ဆော် အသိပညာပေးကာ နှာခေါင်းစည်းများအား လူတစ်ဦးခြင်းစီသို့ ဝေငှလှူဒါန်းပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ကျော်စိုး