သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ

သိန္နီ    သြဂုတ် ၁၁

ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေး ပေါ် တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းများ ထိရောက်အောင် မြင်စွာဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့  နေ့လည်(၂:၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပရေးဦး စီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေလင်းထွန်းက  မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်မှ  လမ်းညွှန်မှာကြားသည့် ကြိုတင် ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးလုပ် ငန်း ဆောင်ရွက်မည့် အစီအစဉ်များ၊ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိထားသူများ အတွက်လိုအပ် သော ကျန်းမာရေးဆေးကုသမှုများနှင့် စနစ်တကျထားရှိနိုင်ရေးအတွက်  Quarantine   Centre  များ စီစဉ်ထားမှုကိစ္စများ၊  Stay  Home  ကာလသတ်မှတ်ချက် စည်းကမ်းချက်များနှင့်အညီ ပြည်သူများလိုက်နာနိုင်ရေး၊ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့်  ဆောင်ရွက်နိုင်ရေး တို့ကိုမှာကြားပြီး  မိမိတို့ကော်မတီအဖွဲ့ဝင်များအနေဖြင့် လိုအပ်ချက်များကို ဝိုင်းဝန်းအကြုံပြုဆွေး နွေးကြရန် ပြောကြားသည်။

ဆက်လက်၍ သိန္နီပြည်သူ့ကျန်းမာရေးဌာနမှတာဝန်ရှိသူတို့က သိန္နီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ လူနာများ အခြေအနေနှင့် Quarantine   Centreများရှိဆောင်ရွက်နေမှုအစီအစဉ်များ၊ကိုဗစ်-၁၉ရော ဂါပိုးတွေ့ရှိသူများကို စနစ်တကျဆေးကုသပေးနေသည့်လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် လိုအပ်ချက်အခြေအ နေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့်ဌာနဆိုင်ရာများက မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကြိုတင်ထိန်း ချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်ပြီး  ယခုထက်ပိုမိုထိရောက်စွာ ကာကွယ်ဆောင်ရွက်သွားနိုင်ရေး အတွက် ဝိုင်းဝန်း အကြုံပြုဆွေးနွေးတင်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကိုညနေ (၃:၃၀)နာရီအချိန်တွင် ရပ်နားခဲ့ကြောင်း သိရသည်။

အိဇာချို