ကျွန်းစု ဩဂုတ် ၁၃
အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အနေဖြင့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက် (၆) လမှ (၅) နှစ်အထိ ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆေးမတိုက်ကျွေးမီ ကလေးမိဘများအား အာဟာရဖွံ့ဖြိုးရေးအတွက် တိုက်ကျွေးသင့်သည့်အစားအစာများ၊ အိုင်အိုဒင်းချို့တဲ့ရောဂါ အသိပညာပေး၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရေးအတွက် မှာကြားပြီးနောက် ကလေးများအား ကိုယ်အလေးချိန်တိုင်းပေးခြင်းနှင့် အသက် (၆) လမှ (၁၁) လအထိ ကလေးများ အား ယူနစ် (၁) သိန်းအား ဗီတာမင်အေ အပြာတစ်လုံး၊ အသက် (၁၂) လမှ (၅) နှစ်အထိ ကလေးများအား ယူနစ် (၂) သိန်းအား ဗီတာမင်အေ အနီတစ်လုံး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဗီတာမင်အေတိုက်ကျွေးခြင်းကို အသက် (၆) လမှ (၅) နှစ်အထိ ကလေးများပုံမှန်ကြီးထွားဖွံ့ဖြိုးရေးနှင့် အမြင်အာရုံများကောင်းမွန်စေရန်ရည်ရွယ်၍ တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။
မင်းကျော်စော (ပြန်/ဆက်)