စုကလိ ဩဂုတ် ၁၁
ရေလွှမ်းမိုးမှုကြောင့် ပြည်သူများအသက်အိုးအိမ် ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ကရင် ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ယနေ့နံနက် ၉ နာရီအချိန်က နည်းလမ်းတကျကာကွယ် ရေလွှမ်းမိုးမှု အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရရှိလျှင်ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များ၊ ရေကြီးနေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်လျှင် ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် ဖုန်းနံ ပါတ်များအား ထည့်သွင်းပြသထားသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်း တစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း