မေတ္တာ ဩဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊မေတ္တာမြို့ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်ချို့များ တွင် ယမန်နေ့ ည ၉း၀၀နာရီ အချိန်က ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းလုပ်ငန်း ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဧည့်စာရင်း စစ်ဆေးလုပ်ငန်းဆောင်ရွက်ရာတွင် မေတ္တာမြို့နယ် မြေရဲစခန်း စခန်းမှူးရဲအုပ်အောင်မြင့်ဝင်းကြီးကြပ်မှုဖြင့် ဒု-ရဲအုပ်အောင်မျိုးဟိန်း ဦးဆောင် သောအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်(၂၀)အိမ်ကို နိုင်ငံရေးအရသော်လည်းကောင်း၊ ပြစ်မှုကျူးလွန်ပြီး၍သော်လည်း ကောင်းထွက်ပြေးတိမ်း ရှောင်ခိုအောင်းနေထိုင်ခြင်းရှိ/မရှိ ရှောင်တခင်ဧည့်စာရင်း လိုက်လံစစ်ဆေးခဲ့သည်။
မေတ္တာမြို့တွင် ဧည့်စာရင်းများစစ်ဆေးခြင်းကို တစ်ပတ်လျှင်(၁)ကြိမ် သက်ဆိုင်ရာရပ် ကွက်အလိုက် ရှောင်တခင်စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးမိပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး ဥပဒေဖြင့်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းနယ် မြေရဲစခန်းရဲအုပ်အောင်မြင့်ဝင်းထံမှ သိရသည်။