မိုင်းဆတ်မြို့၌ မြို့မဈေး ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းပြုပြင် ခြင်းလုပ်ငန်းဆောင် ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် ဩဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့မဈေး၌ ရေစီးရေလာကောင်းမွန်စေရန်  ရေနုတ်မြောင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့ နံနက်(၁၁)နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရသည်။

မြို့မဈေးအတွင်းမိုးရေစီးဝင်ခြင်းနှင့် ဈေးအတွင်းမှရေဆိုးများ စွန့်ထုတ်ရန်အတွက်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေကျပ်(၅ဒဿမ၆)သန်းကျော်ဖြင့် ရေနုတ် မြောင်း အရှည်ပေ (၃၀၀)၊ အကျယ်(၂)ပေ(၆)လက်မနှင့် အနက်(၂)ပေ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ ကြောင်းသိရသည်။

 

မြင့်မောင်