သုံးခွမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

သုံးခွ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် နိုင်ငံ‌တော်အစိုးရမှ ထောက်ပံ့‌ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့ ငွေများ ပေးအပ်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရ သည်။

ထိုပုံမှန်ဝင်‌ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်‌ထောင်စု (၂၆၆၃၅) အတွက် စုစုပေါင်းငွေကျပ် (၅၃၂,၇၀၀,၀၀၀) ထောက်ပံ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်