ကျောက်ဆည် ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ မိသားစု၀င်ငွေတိုးပွားစေရန် ၊အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများ ရရှိစေရန်ရည်ရွယ်၍ တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ (၃၈၂) သိန်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရဲကြီးကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်ရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ရဲကြီးကျေးရွာမှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေသူ (၅၀)ဦးအတွက် ငွေကျပ်(၁၆၄)သိန်းငါးသာင်း ၊မွေးမြူရေးလုပ်ငန်း လုပ်ကိုင် နေသူ (၃၈)ဦးအတွက် ငွေကျပ်(၇၅)သိန်း၊ အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်နေသူ(၆၆)ဦးအတွက် ငွေကျပ် (၁၄၀)သိန်းငါးသောင်း ၊အသက်မွေး၀မ်းကျောင်းလုပ်ငန်း လုပ်ကိုင်နေသူ(၁)ဦးအတွက် ငွေကျပ်(၂)သိန်း၊ စုစုပေါင်းငွေကျပ် (၃၈၂)သိန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးနှင့်၀န်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ရဲကြီးကျေးရွာတွင် အိမ်ထောင်စု(၁၅၅)စုအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများကို ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှစ တင်ထုတ်ချေးပေးခဲ့ခြင်းဖြစ်ရာ ယခုထုတ်ချေးပေးခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ကျေး လက်နေပြည်သူများ အရင်းမပျောက် လည်ပတ်ရန်ပုံငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ၊မီးလင်း ရေး၊ ကုန်ထုတ်လုပ်ငန်း ၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ လုပ်ကိုင် ခြင်းဖြင့် မိသားစု၀င်ငွေတိုးပွားစေရေး ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ပြောပြ၍သိရသည်။
တင်တင်ထွေး