သန်လျင် သြဂုတ် ၁၃
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ ငွေများ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း က ပုံမှန်ဝင်ငွေ မရှိ သော အခြေခံပြည်သူများအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် နိုင်ငံတော် မှ ထောက်ပံ့ငွေ များအား ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့နိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များကစနစ်တကျ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ၂၂ အုပ်စုမှ အိမ်ထောင်စု တစ်စုလျှင် ကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၃၄၇၃၆)အတွက် ထောက်ပံ့ငွေ ကျပ် (၆၉၄၇၂၀၀၀၀)ကို သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးများမှ တစ်ဆင့် ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)