ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လက္ခဏာပျောက်ကင်း၍ နေအိမ်ပြန်ခွင့်ရရှိသူ(၃၀၆) ဦးထိရှိလာ

ပင်းတယ သြဂုတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းကိုဗစ်-၁၉ တတိယလှိုင်း ရောဂါစတင်ဖြစ်ပွားသည့် ဇွန်လ(၁၉) ရက်နေ့မှယနေ့အထိကိုဗစ်-၁၉ရောဂါလက္ခဏာများ ကုသပျောက်ကင်း၍ နေအိမ်ပြန်ခွင့်ရရှိသူစုစုပေါင်း(၃၀၆)ဦးထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား ပင်းတယမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက RDT (Rapid Tesk Kit)ဖြင့် စစ်ဆေးခြင်း၊ ဓါတ်ခွဲနမူနာများအား တောင်ကြီးမြို့တွင် PCR နည်းဖြင့်စစ်ဆေးခြင်းဖြင့် အတည်ပြုလူနာ(၅၅၀)ဦးရှိခဲ့ပြီး ပင်းတယမြို့ပြည်သူ့ဆေးရုံ၊ မိုင်းအင်တိုက်နယ်ဆေးရုံ၊ ပွေးလှတိုက်နယ်ဆေးရုံ၊ ပင်းတယမြို့ မြို့လယ်ဓမ္မာရုံနှင့် မိုးကုတ်ဝိပသာနာ ရိပ်သာတို့တွင် ကိုဗစ်-၁၉ပိုးတွေ့ကုသရေးစင်တာများထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါလက္ခဏာများ ပျောက်ကင်းသွားပြီဖြစ်ခြင်းကြောင့် နေအိမ်သို့ပြန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ နေအိမ်တွင် Home Quarantine ( ၇ ) ရက်ဆက်လက် နေထိုင်စေခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့မှ သြဂုတ်လ ၁၀ ရက်နေ့အထိကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြု လူနာပေါင်း(၅၅၀)ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူပေါင်း(၃၀၆)ဦး၊ ယနေ့အထိ ဆေးကုသမှုခံယူနေသူပေါင်း(၁၁၉)ဦး၊ သေဆုံးသူပေါင်း(၉)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ကိုဦး