ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် လိုက်လံ အသိပေး နှိုးဆော်

ရန်ကင်း သြဂုတ် ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေး အတွက် ယမန်နေ့ ည ၇ နာရီအချိန်က ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေး နှိုးဆော်ချက်များအား  လှည့်လည်ကြေညာပေး လျက်ရှိကြောင်း သိရသည်။

အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါသည် လျှင်မြန်စွာကူးစက် ပျံ့ပွားမှုဖြစ်နေသဖြင့် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်သွားရန်၊ အပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ် မနေတပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်နှင့် လက်ကိုဆပ်ပြာနှင့် မကြာခဏ ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန် စသည့် အသိပေး နှိုးဆော်ချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် နေ့စဉ်အသိပေး နှိုးဆော်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)