ဟားခါးမြို့ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၉၃၂)ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

ဟားခါး ဩဂုတ် ၁၁

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ဒုတိယမြောက်နေ့ဖြစ်သည့် ယမန်နေ့အထိ သက်ကြီးဘိုးဘွား(၉၃၂) ဦးက ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဩဂုတ်လ ၉ ရက်မှစ၍ စုရပ်(၄)နေရာခွဲ၍ စတင်ထိုးနှံခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့က (၃၁၂)ဦး၊ ယနေ့တွင်(၆၂၀)ဦး လာရောက်ထိုးနှံကာ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် နူးနူးခန်းမ စသည့် စုရပ်(၃)နေရာတွင် ဩဂုတ်လ ၁၁ ရက်နေ့အထိ ဆက်လက် ထိုးနှံမည်ဖြစ်ပြီး မြို့တော်ခန်းမစုရပ်တွင်မူ ဩဂုတ်လ ၁၂ ရက်နေ့အထိ ဆက်လက်ထိုးနှံ သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)