ကျောက်ဆည် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအား ယနေ့နံနက်၉နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စုကြီးရပ်ကွက် မြို့တော် ခန်းမတွင် ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ နိုင်ငံ့ဝန်ထမ်း(၁၈၆)ဦး၊ ပုဂ္ဂလိပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ(၁၄၆)ဦးအား ဦးစားပေးထိုးနှံပေးခဲ့ပြီး သံဃာတော်(၆)ပါး၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၁၄)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၇)ဦး၊ ကျန်းမာရေးဝန်ထမ်း(၂)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၂၃)ဦး၊ စက်ရုံအလုပ်ရုံ ဝန်ထမ်း(၁)ဦး၊စုစုပေါင်း(၃၈၅)ဦး အားထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးများကို ဇူလိုင်လ(၃၁)ရက်နေ့မှယနေ့အထိ သံဃာတော်(၄၉၃)ပါး၊ အသက်(၆၅)နှစ် အထက်အဘိုးအဘွား (၁၄၅၁)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁၇၇)ဦး၊ လူမှုရေးအသင်းအဖွဲ့(၁၅၄)ဦး၊ ဘိုးဘွားရိပ်သာမှအဘိုးအဘွား (၇)ဦး ၊နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်(၂၄၈)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၇၈)ဦး၊ ဟိုတယ်မိုတယ်တည်းခိုခန်းလုပ်ငန်းလုပ်ကိုင်နေသူ(၄၀)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူ(၁၅၆)ဦး၊Super Market ဝန်ထမ်း(၁၉၄)ဦး၊ စက်ရုံအလုပ်ရုံဝန်ထမ်း(၃)ဦး စုစုပေါင်း (၃၀၀၁)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများကို မြို့တော်ခန်းမတွင် နံနက်(၉) နာရီခွဲမှ ညနေ(၄) နာရီ အထိ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
တင်တင်ထွေး