တန့်ယန်း သြဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆောင်ရွက် လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ အောက်ဆီဂျင်အိုးများ လှူဒါန်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၂ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ လှူဒါန်းပေးအပ်ခြင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ၌ အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မြို့နယ်ပြည်သူ့ဆေးရုံအား အောက်ဆီဂျင် (40-L)(၁၀)လုံးနှင့် Flow Meter (၁၀)ခု၊ မြို့နယ်အရန်မီးသတ်တပ်ရင်းရုံးအား အောက်စီဂျင် (40-L) (၁၀)လုံးနှင့် Flow Meter (၁၀)ခုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့က လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး