ရမည်းသင်း ဩဂုတ် ၁၃
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရမည်းသင်းခရိုင်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စား လှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယမန်နေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံး၌ ဒုတိယနေ့ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလျှောက်လွှာများစိစစ်ခြင်းကို ရမည်းသင်းခရိုင် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံတင်၊ အတွင်းရေးမှူး ဦးဇော်မင်းနှင့် အဖွဲ့ဝင် (၁၅) ဦးတို့က စိစစ်ဆောင်ရွက်လျက်ရှိသည်။ ရမည်းသင်းခရိုင်အတွင်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်နေရာများအတွက် နိုင်ငံရေးပါတီ (၇) ပါတီမှ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလျှောက်ထားသူ (၃၅) ဦးရှိပြီး ခရိုင်အတွင်း မဲဆန္ဒရှင်ပြည်သူ (၄၀၇၁၉၁) ဦးရှိကြောင်း အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။
ဇော်ဝင်းအောင် (ရမည်းသင်း)