ဟိုပန် ဩဂုတ် ၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်ရက်နေ့တွင် RDT TestKit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ(၄)ဦး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဟိုပန်မြို့၊ရုံးကုန်းရပ်ကွက်(သစ်တော)နေ အသက်(၆၅)နှစ်ရှိ အမျိုးသမီးသည် နေမကောင်းသဖြင့် ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးရာ Positive အဖြေထွက်ခဲ့သဖြင့် ၎င်း အမျိုးသမီးနှင့်ဆက်စပ်ထိတွေ့သူများကို ဖောင်ဆိပ်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ရုံးကုန်းရပ်ကွက် (သစ်တော)နေ အသက်(၃၂)ရှိ အမျိုးသား(၁)ဦး၊ အသက်(၁၄)နှစ်ရှိ အမျိုးသမီး(၁)ဦးနှင့် အသက်(၃၀)နှစ်ရှိ အမျိုးသမီးတို့တွင် Positive အဖြေ တွေ့ရှိခဲ့ပါသည်။
အဆိုပါ လူနာ(၄)ဦးအနက် အသက်(၆၅)ရှိ အမျိုးသမီးနှင့်အသက်(၃၂)နှစ်ရှိ အမျိုးသားအား ပြည်သူ့ဆေးရုံ သီးခြားကြပ်မတ် ကုသဆောင်နှင့်ကျန်(၂)ဦးအား မြို့တော်
ခန်းမ Quarantine Center တွင် ထားရှိ ကုသပေးလျက်ရှိပါသည်။
ဟိုပန်မြို့နယ်တွင် ယမန်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၉၇)ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၈၅)ဦး၊ ဆေးကုသလျက်ရှိသူ(၁၁)ဦးနှင့် သေဆုံးသူ(၁)ဦးရှိခဲ့ကြောင်း
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။