ဟားခါး ဩဂုတ် ၈
ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၂၅၄၅)ဦးကို စုရပ်နေရာ (၄)နေရာခွဲ၍ ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးကို မြို့တော်ခန်းမ၌ ဩဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဆိုင်ကလုန်းရှယ်တာ (Cyclone Shelter ) (၃)နေရာတွင် ဩဂုတ်လ ၉ ရက်နေ့မှ ၁၁ ရက်အထိ နံနက် ၉ နာရီမှ ည ၄ နာရီအထိ ထိုးနှံသွား မည်ဖြစ်ပြီး မြို့တော်ခန်းမတွင် (၁၂၁၅) ဦး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၀၇)ဦး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၄၀၈)ဦးနှင့် ဆိုင်ကလုန်းရှယ်တာတွင် (၂၁၅)ဦး ထိုးနှံသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံသွားမည့်အစီအစဉ်များကို ကာကွယ်ဆေးထိုးနှံမည့်ပြည်သူများ သိရှိနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးထိုးမည့် နေရာထိုင်ခင်း ပြင်ဆင်ခြင်းများ အပြင် သက်ကြီးရွယ်အိုများ သွားလာရေးအဆင်ပြေစေရေးအတွက် မှန်လုံအကြီး(၃)စီးနှင့် ကားလေး(၁)စီးကို လည်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကြိုတင်စီစဉ်ဆောင်ရွက်ရှိကြောင်း သိရ သည်။
ခရိုင် ( ပြန်/ဆက် )