လားရှိုး ဩဂုတ် ၈
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင်တာဝန် ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့်မိသားစုများ အားစားသောက်ကုန်များထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွှဲ(၁)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းခန်းမ တွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ရှေးဦးစွာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အခက်အခဲများကြား တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးလျက်ရှိသော ကျန်းမာရေး ဝန်ထမ်းဆရာ/ ဆရာမများ၊ သူနာပြုများနှင့် ဝန်ထမ်းမိသားစုများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းနှင့် သူနာပြုဆရာမကြီးများမှ လက်ခံရယူပေးခဲ့သည်။ အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဆန်(၃၄) အိတ်၊ ကြက်သွန်နီ(၃၀၀)ပိဿာ၊ ခေါက်ဆွဲခြောက် (၄၀၀)ထုပ်၊ စားသုံး ဆီ(၂၀၀)ပိဿာ၊ ကြက်ဥ(၂၀၀၀)လုံး၊ ရေသန့် (၅၀)ကဒ်၊ Royal-D (၃၄)ကဒ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဥမ္မာချို