နမ္မတူ ဩဂုတ် ၈
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ Bawdwin Joint Venture ကုမ္ပဏီမှ (၅၁)သိန်း ကျော်တန်ဖိုးရှိ အောက်စီဂျင်စက် (၃)လုံး ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ်လ(၇)ရက် နေ့လည် (၁)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဝင်းမြင့်မိုရ်ကုမ္ပဏီမှ စီမံကိန်းညွှန်ကြားရေးမှူး ဦးသံလွင်မြင့်၊ အထွေထွေမန်နေဂျာ ဦးနေမျိုးနှင့် BJV ကုမ္ပဏီမှ ဦးဝင်းနိုင်တို့က (၅၁)သိန်းကျော်တန်ဖိုးရှိ အောက်စီဂျင်စက် (၃)လုံးအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိအသုံးပြုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိများလက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော်