ဆီဆိုင် ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကုသရေး၌ လိုအပ်သော အောက်စီဂျင်ထုတ်လုပ်သည့် စက်တစ်လုံး တပ်ဆင်ရာတွင် အသုံးပြုနိုင်ရေးနှင့် ကာကွယ်ရေးသုံးပစ္စည်းများဝယ်ယူရန်အတွက် ထိုင်းနိုင်ငံမှ Mr.Thanakit နှင့် တောင်ကြီးမြို့နယ် နန်းဟောင်းကျေးရွာအုပ်စု၊ ဘန်ကွဲ ကျေးရွာနေ ခွန်ပေါက်စီ အဆွေတော်(၂)ဦး (နဂါးတံဆိပ် SD5059,5089,5058 အစေ့ထုပ် ပြောင်းမျိုး “အုံးအုံးနိုင်” လီမီတက်)မှ ယမန်နေ့ က လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် ဆီဆိုင်မြို့နယ် အောက်စီဂျင်စက်ရုံ(Oxygen Plant) တည်ဆောက်ရေးအတွက် ဦးစီးဦးဆောင်ပြုသူ ဆီဆိုင်မြို့ ဇဝနာရာမ ပရိယတ္တိ စာသင်တိုက် ဆရာတော်ဦးကောဝိဒထံသို့ အလှူငွေကျပ်သိန်း(၅၀)နှင့် ဆိုက်ခေါင်စံပြ ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဘက်စုံအသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး လုပ်ငန်းကော်မတီမှ ဦးခွန်သန်းထူးနှင့် တာဝန်ရှိ သူများထံသို့ အလှူငွေကျပ်(၁၀)သိန်းနှင့် ဆီဆိုင်မြို့နယ်ပအိုဝ်းအနုပညာရှင်များ အဖွဲ့ထံ သို့ ဆီဆိုင်မြို့တွင်လက်ရှိ ကိုဗစ်-၁၉ ရောဂါခံစား နေသူများနှင့် စောင့်ကြည့် လူနာများ အတွက် အခြေခံစားသောက်ကုန်(၁)သိန်းဖိုးအား လှူဒါန်းခဲ့ ကြောင်းသိရသည်။
ဆီဆိုင်(ပြန်/ဆက်)