ရှမ်းပြည်နယ်အစိုးရအဖွဲ့ အောက်ဆီဂျင်စက်ရုံသို့ ကြည့်ရှုစစ်ဆေး

နမ့်စန်  သြဂုတ် ၈

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့လည်(၁၂) နာရီခွဲက လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ် ဆေးရာ တာဝန်ရှိသူတစ်ဦးမှရှင်းလင်းပြီး စက်ရုံဖြစ်မြောက်ရေးတွင်ပါဝင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိလ်(၈)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် တိုင်းမှူးဗိုလ်မှူးချုပ်လှမိုးတို့က ပေးအပ်ကြပြီး နမ့်စန်မြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ(၄)ခန်း တွဲ(၄)ထပ်ဆောင်၌ Positive Centerသို့ သွားရောက်၍ တာဝန်ကျဝန်ထမ်းများအား ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေကျပ်(၅)သိန်းတိူ့ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများတို့မှ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

နမ့်စန်မြို့နယ်တွင် တည်ထောင်ထားသော အောက်ဆီဂျင်စက်ရုံကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ခွဲဝေချထားငွေ ကျပ်သိန်း(၉၀၀) အလှူရှင်များမှ လှူဒါန်းငွေကျပ်သိန်း(၄၀၀)နှင့် ၂၀၂၁ခုနှစ် သြဂုတ်လ(၃)ရက်နေ့တွင်စတင်စက် လည်ပတ်ပြီး(၂၄)နာရီအတွင်းထွက်ရှိသော ပမာဏမှာ(၄၀)လီတာအိုး(၈၀) လုံးထွက်ရှိပြီး အောက်ဆီဂျင်အိုးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ(၁၈၀)လုံး၊ ယခင်လက်ရှိအိုး(၁၂၀)အိုး စုစုပေါင်း(၄၀)လီတာအိုး (၃၀၀) ရှိကြောင်း သိရသည်။

ဆက်လက်၍ နမ့်စန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံရာပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လွိုင်လင်ခရိုင် အတွင်းရှိ မသန်စွမ်းသူ(၈၂၂)ဦးအတွက် (၁)ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၂၄၆.၆)သိန်းနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ပေးရာ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကံစောလှိုင်၊ နမ့်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးတို့မှ လက်ခံရယူကြသည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးနေလင်းတို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော ငွေကျပ်(၁၀)သိန်းများကို ပေးအပ်ရာ လွိုင်လင်မြို့နယ်၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်၊ မိုင်းကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌများက အသီးသီးလက်ခံ ရယူပြီးပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကာကွယ်ရေးပစ္စည်း(၆)မျိုးကိုပြည်နယ် ဥပဒေချုပ်ဦးစိုင်းကျော်စံမှ ထောက်ပံ့ပေးအပ်ခြင်းနှင့် လွိုင်လင်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် ထောက်ပံ့သည့် ကြက်ဥအလုံးရေ (၃၈၉၄)လုံးအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကံလှိုင်မှ လက်ခံရယူသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးတို့သည် လွိုင်လင်ခရိုင်၊ နည်းပညာတက္ကသိုလ်(ပင်လုံ)၌ Positive Centerတွင် တာဝန်ကျဝန်ထမ်းများအတွက် ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ထောက်ပံ့ ငွေကျပ်(၅)သိန်းတို့ကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး လွိုင်လင်မြို့ ဓါတ်တော်ကျောင်းတိုက်တွင်သံဃာ တော်များအားဆွမ်းဆန်တော်၊ ဝါဆိုသင်္ကန်းတို့ကို သွားရောက်ဆက်ကပ် လှူဒါန်းပေးကြပြီးနောက် မိုင်းပွန်မြို့တွင် မိုးစပါးစိုက်ခင်းအားကြည့်ရှုစစ်ဆေး၍ တောင်သူများအား နေကြာမျိုးစေ့များပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)