“မုံးကိုးမြို့၌ အသက်(၆၅)နှစ်အထက် အဘိုးအဖွားများအား ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး”

မုံးကိုး    သြဂုတ် ၈

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိကာကွယ်ဆေးထိုးရန်စုရပ်၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအား အသက်(၆၅)နှစ်အထက်ရှိ အဘိုးအဖွားများကို ယနေ့ နံနက် ၁၀:၀၀နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်‌ဆေးထိုးနှံ‌ပေးရာတွင် မုံးကိုးမြို့ အမှတ်(၉၉၁)နည်းဗျူဟာက ဆေးဗိုလ်ကြီး(၃)ဦး၊ ဆေးသူနာပြု(၂)ဦးတို့က ကာကွယ်ဆေးစနစ်တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးသည်။

ထို့ပြင် စာရင်းဇယားမှတ်တမ်း ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး မုံးကိုးမြို့တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွား စုစုပေါင်း (၃၀၀))ဦးအားထိုးနှံပေးခဲ့‌သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက လိုအပ်သည့်နေရာများတွင် ပံပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဇော်ဦး(မုံးကိုး)