ဥတ္တရသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူ ၂၃၆၈ ဦးအား ထိုးနှံပေးပြီးဖြစ်

ဥတ္တရသီရိ  ဩဂုတ် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့် အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အား ဩဂုတ်လ(၁)ရက်နေ့မှယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို အ-ထ-က (မင်းကုန်း)တွင်  ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂၃၆၈) ဦးအား ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူ (၃၁)ဦး၊ အစိုးရ/ ပုဂ္ဂလိကကျန်းမာရေဝန်ထမ်း(၁)ဦး၊ နိုင်ငံဝန်ထမ်း (၁၃)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၆၁)ဦး၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်း(၂၃)ဦး၊ ဟိုတယ်/ မိုတယ် တည်းခိုခန်း ဝန်ထမ်း(၁၃)ဦး၊ Super Market ဈေး ဝန်ထမ်း (၇)ဦးနှင့် ဘဏ်ဝန်ထမ်း(၁)ဦး  စုစုပေါင်း (၁၅၀)ဦးတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာလင်းပြည်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့များက လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက် ပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သြဂုတ်လ ၁ ရက်နေ့ တွင် (၃၂၂) ဦး၊ ဩဂုတ်လ ၂ ရက်နေ့တွင်(၃၅၂)ဦး၊ ဩဂုတ်လ ၃ ရက်နေ့တွင်(၃၀၈)ဦး၊ ဩဂုတ်လ ၄ ရက်နေ့တွင် (၄၆၈)ဦး၊ ဩဂုတ်လ(၅)ရက်တွေ့တွင် (၇၆၈)ဦးနှင့် ယနေ့တွင် (၁၅၀)ဦး စုစုပေါင်း ပထမအကြိမ်တွင် ကာကွယ်ဆေး လူဦးရေ (၂၃၆၈) ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း နှင့် ပထမအကြိမ် ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံမည့်ဆေး ရောက်ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ထိုးနှံနိုင်ရန် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။