ဒေါပုံမြို့နယ်၌ အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ၊ ပုဂ္ဂလိကဝန်ထမ်းများ Volunteer များအား ကိုဗစ်၁၉ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေး

 ဒေါပုံ  ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ ဒေါပုံမြို့နယ်တွင် ယနေ့နံနက်၉ နာရီအချိန်က စတင်ပြီး အ.ထ.က (၁) ကျောင်းဝန်း၌ အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ဝန်ထမ်းများ Volunteer များအား ကိုဗစ်၁၉ ကာကွယ်ဆေး Sinopharm ကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်မှာ  "အသက် (၆၅)နှစ်အထက် အဘိုး၊အဘွား စုစုပေါင်း ငါးထောင်​ကျော်ရှိပြီး၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေတဲ့ အသက် ၆၅ နှစ်နှင့်အထက် ဆရာတော်သံဃာတော်များ၊ အဘိုးအဘွားများ ဒေသခံပြည်သူများ၊ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများကို  ဩဂုတ်(၁)ရက်နေ့မှစတင်ပြီး အဖွဲ့(၂)ဖွဲ့ခွဲ၍  ရပ်ကွက်များအား သတ်မှတ်ရက်များအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား အ.ထ.က(၁)ကျောင်းနှင့် အ.လ.က(၄)ကျောင်း တို့တွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ မြို့နယ်အတွက် ဆေးရရှိသည့်အပေါ် မူတည်၍ ကျန်ရှိသော ပြည်သူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ  သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)