မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အလှူငွေနှင့် အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

မိုင်းယောင်း ဩဂုတ် ၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် စေတနာရှင်၊ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။ ယင်းသို့လှူဒါန်းရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအတွက် မြို့နယ်စစ်မှုထမ်းဟောင်းမိသားစုက အလှူငွေ ကျပ်တစ်သိန်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် ဝမ်ဇလီလော်ဆရာတော်က အလှူငွေ ကျပ်တစ်သိန်း၊ “တော်ဝင်”ကုန်စုံဆိုင် မိသားစုက အလှူငွေ ကျပ်နှစ်သိန်းနှင့် KF 94 အမျိုးအစား Mask ၁၀ ထုပ်၊ ရိုးရိုး Mask ၁၀ ဗူး၊ အမှတ်(၈)ရပ်ကွက်မှ ဦးကျော်ကျော် မိသားစုက အလှူငွေ ကျပ်တစ်သိန်း၊ ဒေါ်မိုးမိုးမြင့် မိသားစုက အလှူငွေ ကျပ်ငါးသောင်း၊ “မင်းမဟော်”ဆေးဆိုင် မိသားစုက အလှူငွေ ကျပ်တစ်သိန်းနှင့် Mask ခြောက်ဗူး၊ အရက်ပျံ ခြောက်ပုလင်းတို့ကို ပေးအပ်လှူဒါန်းခဲ့ကြရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။ စိုင်းအောင်ဇော်လင်း