ဖယ်ခုံ သြဂုတ် ၁၃
ဖယ်ခုံမြို့နယ်၌ ဌာနဆိုင်ရာ ၀န်ထမ်းမိသားစုများ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲ ကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့ကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပသည်။
`အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မြို့ကုန်း ကျောင်း ဆရာတော် ဘဒ္ဒန္တကေသရ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ထံမှ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော်များ အား ဝါဆိုသင်္ကန်းနှင့် လှူဘွယ်၀တ္ထုများကို ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ မြို့ကုန်း ကျောင်းဆရာတော် ဘဒ္ဒန္တကေသရ ထံမှ အနုမောဒနာတရား နာကြားကာ ရေစက် သွန်းချ အမျှပေးဝေ ခဲ့ကြကြောင်း ၊ အဆိုပါအခမ်းအနားတွင် ကုသိုလ်ရှင် ဌာနဆိုင်ရာမိသားစုများက သံဃာတော်(၄၈)ပါးအတွက် စုစုပေါင်းငွေကျပ်(၇၆၁၀၀၀/−) တန်ဘိုးရှိ ဝါဆိုသင်္ကန်းနှင့် လှူဘွယ်၀တ္ထုများ ဆက်ကပ် လှူဒါန်း ခဲ့ကြ ကြောင်း၊ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ အကြီး အကဲများနှင့် ၀န်ထမ်း မိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
ကိုထွေး(ဖယ်ခုံ)