ဆဒုံး ဩဂုတ် ၃
မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့အတွင်း ပြည်သူများအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆဒုံးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၊ လူမှုရေးပရဟိတအသင်းအဖွဲ့ဝင်များ၊ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ ဘာသာရေးဆရာများကို ဦးစားပေး ထိုးနှံပေးသွားမည် ဖြစ်သည်။
ဆဒုံးမြို့နယ်အတွက် ထိုးနှံပေးမည့် ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်ပြီး ဆေး(၁)လုံးလျှင် လူ(၂)ဦးနှုန်း ထိုးနှံနိုင်ကာ ဆေးများရောက်ရှိလာမှုအပေါ် မူတည်၍ ပြည်သူများအား ထိုးနှံပေး သွားမည်ဟု ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)