ကာလိမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကာလိ ဩဂုတ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က နမ့်ခုံးရှမ်းများ ပရဟိတခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများက အသက်(၆၅)နှစ်နှင့်အထက် ရှိသူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သော အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများ၊ စားသောက်ဆိုင်နှင့် ပုဂ္ဂလိက ပို့ဆောင်ရေး ဝန်ထမ်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြရာ ယမန်နေ့ ဩဂုတ်လ (၂)ရက်နေ့တွင် လာရောက် ထိုးနှံကြသူများ စုစုပေါင်း (၁၄၀) ဦးရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား ကာလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ အဖွဲ့တို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကျော် (ပြန်/ဆက်)