ပင်လုံ ဩဂုတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ရပ်ကွက်(၄)ခုတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(တတိယနေ့)ဆေးထိုးနှံခြင်းကို ၁-၈-၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်မှ ညနေ(၃:၀၀)နာရီအထိ ပင်လုံ မြို့ အထက(၁)ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံမှဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများရှိသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင် သူများ၊ Super Market များဖွင့်လှစ်ရောင်းချသူများနှင့် ဈေးရောင်းချသူများအား လာရောက်၍ ကာကွယ်ဆေးထိုး နှံကြကြောင်း၊ ယနေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၄၀၀)ဉီးရှိ၍၊ (၃)ရက်အတွင်း ကာကွယ်လာရောက်ထိုးနှံ စုစုပေါင်း(၅၄၄)ဉီးရှိပြီး အဆိုပါကာကွယ် ဆေးထိုးနှံရာနေရာသို့ ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဉီးမြင့်ဇော်နှင့် ပင်လုံမြို့ အဆင့်ဌာန ဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအထောက်အကူပြုကော်မတီမှ ဒု-ဥက္ကဌ ဉီးလောယုံ ၊ လွိုင်လင်မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ လာရောက်ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။