ကျောင်းသား/ကျောင်းသူများအား နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် လက်ဆေးဆပ်ပြာများ အခမဲ့ဖြန့်ဝေ

ဇေယျာသီရိ  ဩဂုတ်  ၁၂

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ  ဦးဆောင်ကာ  ကျောင်းသား/ ကျောင်းသူ များ အား နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် လက်ဆေးဆပ်ပြာများကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေခဲ့သည်။

အခမဲ့ဖြန့်ဝေရာတွင် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ က္ကဋ္ဌ ဒေါ်လွင်လွင်မော်၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်နွေမိုးအေးနှင့် ဇေယျာသီရိမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း က္ကဋ္ဌ ဒေါ်အေးမြတ်ရီနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလ အတွင်းမှာ ကျောင်းသား/ ကျောင်းသူကလေးငယ်များ ကိုဗစ်-၁၉ ကူးစက်မှုမရှိစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ပြီး နှာခေါင်းစည်း(၃၅၀)ခု၊ လက်သန့်ဆေးရည်(၂၀)ဘူးနှင့် လက်ဆေးဆပ်ပြာ(၅၀)ခဲတို့ကို ကျောင်းသား/ ကျောင်းသူ ကလေးငယ်များထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း(ဇေယျာသီရိပြန်/ဆက်)