ရန်ကုန် ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအား ပေးကြ သည်။
ရှေးဦးစွာ ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အမှတ် (၁) စိုက်ပျိုး မွေးမြူရေးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)တွင်နေထိုင်ကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး အိမ်ထောင်စု (၁၆၆)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၄)ပြည်အိတ်တစ်အိတ်၊ကြက်ဥ၊ ငှက်ပျောသီးနှင့် Mask များကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်သူ့ဆေးရုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမ တို့တွင် အသက် ၆၅ နှစ်အထက် ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ကိုဗစ် - ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်နေသည့် Volunteer များ၊ ပုဂ္ဂလိကဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးထိုးနှံပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှု အားပေးသည်။
ကာကွယ်ဆေးထိုးနှံပေးနေသည့် သတ်မှတ်စုရပ်နေရာများတွင် ကိုဗစ် - ၁၉ ရောဂါ လမ်းညွှန်ချက် များနှင့် အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမင်း၊ မြို့နယ်ကျန်းမာ ရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လမ်းညွှန်မှာကြားပြီး သက်ဆိုင်ရာ ဌာနများနှင့်လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အလားတူ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်ရှိ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်၌လည်း ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ လှိုင်မြို့နယ်ရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ကိုဗစ်-၁၉ ကုသရေး စင်တာအတွက် အလှူရှင်တစ်ဦးမှ လှူဒါန်းသည့် Oxygen Plant ထားရှိမည့်နေရာအား သွားရောက်ကြည့်ရှုရာ အမှတ် (၂) ကုတင် (၅၀၀) တပ်မှူး ဗိုလ်မှူးကြီးဇော်မျိုးဟန် မှ ယခုတပ်ဆင်နေသည့်စက်သည် ၁ နာရီလျင် သည် Oxygen Gases ကုဗမီတာ (၆ဝ)ထွက်ရှိမည် ဖြစ်ကြောင်းနှင့်တစ်ရက်လျှင် ၈ နာရီနှစ်ဆိုင်း မောင်းနှင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည့်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)